Wednesday, March 11, 2015

AES Camera Detectorv1.1.1 Apk


ကျနော်ဒီဆော့ဝဲလေးကို တင်ပေးချင်နေခဲ့တာကြပါပြီ အခုတလော လိုင်းပေါ်မှာ အဖတ်ရဆုံးသတင်းတွေကတော့ လျှို့ဝှက်ချက် Camera နဲ့ လူနေမှုပြသနာတွေပါ၊ ကိုယ်ကသာ ရိုးသာသူဖြစ်ပေမယ့် မသမာသူလူတစ်စုရဲ့ ညွှန့်ကွင်းထဲ သားကောင်းဖြစ်သွားရချာတဲ့ ရင်နှင့်ဖွယ် ဇာတ်လမ်းတွေကို ဖတ်ဖြစ်ကြမှာပါ၊ ခေတ်စနစ်က တကယ် မလွယ်တော့တဲ့ အခြေအနေတစ်ရပ်ကို ဆိုက်ရောက်နေပါပြီ။ နေသတိ၊စားသတိဖြစ်နေဖို့က မိမိရဲ့ ခေတ်မျက်လုံးလေးတစ်စုံကို ဖွင့်ထားဖို့ပါ၊ မသိခဲ့ရင် ဘော်ဒါတွေကို မေးပါ၊ အသက်ထက် အရှက်က အကြီးပါတယ်။ ဒီဆော့ဝဲလေးဟာ သင်သွားလေရာ သင့်ဖုန်းနဲ့အတူ ရှိနေသင့်တာပါ၊ ကိုယ်နေမြေမကျွမ်းကျင်တဲ့နေရာ၊ အသစ်အဆန်း၊ လုံးစုလူဝေး များတဲ့နေရာ၊ အများသုံးသန့်စင်ခန်း ရှိတဲ့စနေရာ စသည့်ဖြင့် လူတိုင်းသတိမထားမိတဲ့ နေရာမျိုးမှာဆိုရင်တော့ AES Camera Detector ဟာ လျှို့ဝှက်ကင်မရာ ရှိမရှိကို စုံစမ်းထောက်လှမ်းပေးနိုင်ပါတယ်။ ဒီဆော့ဝဲလေးဟာ လျှို့ဝှက်ကင်မရာနဲ့ ချောင်းရိုက်ခံရမယ့်ဘေးမှ လွတ်ကင်းအောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့သာ ဒီဆော့ဝဲလေး သင့်ဖုန်းထဲမှာ ရှိနေမယ်ဆိုရင် လျှို့ဝှက်ကင်မရာ တပ်ဆင်ထားတဲ့ နေရာတွေမှာ ဖုန်းက အချက်ပေးသံ ထွက်လာပါလိမ့်မယ်။ အားလုံးသော Android user ဘော်ဒါများအနေဖြင့် အရေးတကြီးဆောင် ထားသင့်တဲ့ မိမိဘ၀အတွက် Protector ကောင်းကောင်းလေးဖြစ်ပါတယ်။ Size 2.7 MB ရှိပါတယ်၊ 2.2 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

No comments:

Post a Comment