Viber For iOS မြန်မာ ဗားရှင်း
PC, Internet, Phone စတဲ့ အိုင်တီနဲ့ ပတ်သက်တာ မှန်သမျှ ကျနော်တို့ မြန်မာစာနဲ့ ထွက်လာတယ်ဆို တာ
တော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိ
နေချင်ကြတာ သဘာဝပါပဲ။
ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာ
စကားကို သုံးနေကြတာအထင်အရှားပါ။ ကျနော်လဲ လူထဲကလူတစ်ယောက်မို့ ကျနော်တို့ မြန်မာစာ မြန်မာ
စကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။
အဲဒါကြောင့် ဖုန်း အလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုန်းများမှာ အသုံးပြုနေတဲ့ Viber Application ကို
မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား လုပ်ထားပါတယ်။
အင်္ဂလိပ် အက္ခရာများနဲ့ ရင်းနှီးနေပြီးသား သူများအတွက် ကြည့်ရတာ မျက်စိ နောက်ကောင်း နောက်ပေမဲ့
မြန်မာ လူမျိုးများ အတွက် သင့်တော်မယ် ထင်လို့ မြန်မာ ဗားရှင်းလေးကို လုပ်ဖြစ် သွားတာပါ။ အနှောက် ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ တစ်ချို့ ကို Language Data အခက် အခဲကြောင့် မြန်မာလို မပြန်
ဘဲ ဒီအတိုင်းထား ခဲ့ရပါတယ်။ အဲ့ဒီ အတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ နောက် ထွက်မည့် ဗားရှင်း အ သစ် တွေမှာ ကောင်း သထက် ကောင်းအောင် ကျိုးစားပါ့မယ်။ အခု ထွက်လာတဲ့ Viber မြန်မာဗားရှင်းက
နောက်ဆုံး ထွက် ဗားရှင်း ဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်
ပါတယ်။
Jailbreak မလုပ် ရသေးတဲ့ ဖုန်းများမှာ အသုံးပြုလို့ မရနိုင်သေး ပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံး တုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များ
ကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။
........ဒီမှာဒေါင်းပါ..........


No comments:
Post a Comment