Internet connection ကို Free သုံးလို့ရတဲ့ Your Freedom.apk လေးပါ။ ကျနော့်မှာရှိနေတာကြာပါပြီ။ မစမ်းဖြစ်တာကတကြောင်း မအားတာကတကြောင်း ဒီ apk လေးရဲ့အကြောင်းကိုမသိခဲ့တာပါ။ ခုတော့ အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့အတိုင်း ဖုန်းဘေမရှိတော့တာနဲ့ ဒီ apk လေးစတင်အသုံးပြုလိုက်တာ ခုမှကောင်းမှန်သိတော့တယ်ဗျာ။ တကယ်ကိုအသုံးဝင်ပါတယ်။ ကျနော် ဒီpost နှင့် ဒီapk upload တင်တာကို Your Freedom သုံးပြီးတင်ထားတာပါ။ download/upload အကုန်လုပ်လို့ရပါတယ်။ ကျနော့် SIM Card ထဲမှာ ပိုက်ဆံတစ်ပြားမှထည့်မထားပါဘူး။ 0 kyats ပါ။ Ooredoo data card နဲ့သုံးပါတယ်။ ယုံတမ်းစကားပြောတာလည်းမဟုတ်ပါဘူး။ ကျနော်တို့သူငယ်ချင်းတတွေကတော့ free သုံးနေကြပါပြီ။ ခုဒီ post ကိုဖတ်ပြီး သုံးလို့အဆင်ပြေသွားတဲ့သူတွေကတော့ယုံကြမှာပါ။ သုံးလို့အဆင်မပြေသေးတဲ့သူများကတော့ ဆက်ပြီးကြိုးစားကြည့်ကြပါ။ ဒီ Apk ကိုရေးထားတဲ့ဆရာကြီးကို ဂုဏ်ယူပြီးကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော့်သူငယ်ချင်း ya kout ကိုလဲကျေးဇူးတင်ပါတယ်။ သူ့ကြောင့် ဒီ post ကို ရေးပြီး အားလုံးကို ပြန်လည်မျှဝေပေးဖြစ်သွားတာပါ။ သိပြီးသားသူများကတော့ကျော်သွားပါ။ မသိသေးတဲ့သူများကတော့ ဒီpost ကို သေချာဖတ်ပြီး လုပ်ကြည့်ကြပါ။ အသုံးပြုနည်းများကို အောက်မှာပုံနှင့်တကွ ရှင်းပြပေးထားပါတယ်။ Apk ကိုလည်း download လုပ်ယူနိုင်ပါတယ်။
အသုံးပြုနည်
Apk ကို Download ယူပြီး Install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ ငွေလုံးဝမရှိတဲ့ data card မှ internet ကိုဖွင့်ထားပါ။ အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာရင် configure ကိုနှိပ်လိုက်ပါ။
ပြီးရင် apkကို back key နဲ့အားလုံးပြန်ထွက်ပြီး ပြန်ဝင်လိုက်ပါ။ အောက်ကပုံအတိုင်း မြန်မာ language နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြင်ဆင်မှုပြုလုပ်ရန် ကိုနှိပ်ပါ
ဖရီးဒမ်းအကြောင်း သို့ဝင်ပါ
ကြိုဆိုပါတယ် လို့ပြလာရင် အပေါ်က မြှားလေးကိုနှိပ်ပြီး ရှေ့ကိုပြထားသည့်မြှားကုန်တဲ့အထိဆက်သွားပါ။
ရှာတွေ့သောဖရီးဒမ်ဆာများ တက်လာတဲ့အထဲမှ လိုင်းအကောင်းဆုံး ကိုရွေးပေးပြီး အပေါ်ကမြှားလေးနဲ့ဆက်သွားပါ။
noti bar ပေါ်မှာတက်နေတဲ့ ပိတ်နေတဲ့တံခါးလေးကိုဆွဲချပြီး ဖွင့်လိုက်ပါ။ ပြီးရင် စတင်ဆက်သွယ်ရန် ကိုနှိပ်ပြီးစောင့်နေပါ။
noti bar ပေါ်မှာ အောက်မှာပြထားသည့်အတိုင်း သော့ပုံလေးတက်လာပြီး တံခါးလေးပွင့်သွားရင် အင်တာနက်ကို စတင်အသုံးပြုနိုင်ပါပြီ
မှတ်ချက်။ ။ ကျနော်တခုစိတ်ပူမိလို့ပါ.... ကျနော့်အတွေးပေါ့..... ဟုတ်ချင်မှလဲဟုတ်မှာပါ။ ဒီ apk ကိုအသုံးပြုတာဟာ internet location ကတခြားနိုင်ငံတွေမှာရောက်သွားတဲ့အတွက်ကြောင့် Facebook အသုံးပြုတဲ့အခါမှာ Facebook lock ကျသွားခဲ့မယ်ဆိုရင် ကျနော်ကိုအပြစ်မတင်ပါကြပါနဲ့။ facebook account တွေဟာ vpn ကျော်လိုက်ရင် lock ကျတက်ပါတယ်....















No comments:
Post a Comment