Wednesday, February 4, 2015

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
နေ့ရက်တိုင်းပျော်ရွှင်ပါစေ
လူ့လောကကြီးဝယ် .... "သစ္စာရှိသောသူသည် သစ္စာမဲ့သောသူများ၏ လှောင်စရာဖြစ်သလို" လူတစ်ယောက်ဟာ သူ့မှာ မရှိသော ..  သူ မကျင့်သုံးသော.. သူ မသိသော .. သူနဲ့ မပတ်သက်ဘူးလို့ ယူဆထားတဲ့ အကြောင်း အရာတစ်ခုကို ဘယ်လိုနည်းနဲ့မှ နားလည်မှာ မဟုတ်ပါဘူး ..  သစ္စာ ဆိုတာကတော့ အမျိုးမျိုးရှိပါတယ် ... ယေဘုယျပြောရရင် စောင့်စည်းခြင်းက သစ္စာပါပဲ ... ဘယ်လိုသစ္စာအမျိုးအစားမဆို .. ကိုယ်မစောင့် စည်းရင် တန်ဖိုးကို နားမလည်တဲ့အတွက် စောင့်စည်းသူကို ရယ်စရာလို့မြင်ကြမှာ လောကဓမ္မတာပါပဲ .. မျက်စိ ချို့ယွင်းနေတဲ့သူကို .. နေအလင်းရောင်ကိုပြရင် မြင်နိုင်မှာမဟုတ်ပါဘူး ... အကြားအာရုံ ချို့ယွင်းနေသူကို ဂီတတေးသံသာများ ဖွင့်ပြရင်လည်း ကြားသိနိုင်မှာ မဟုတ်ပါဘူး .. ထို့အတူပါပဲ အချစ်မသိ သောသူတွေအတွက်တော့ "အချစ်ကြီးသူတွေ" ဆိုတာ ရယ်စရာဟာသ ဆိုတာ အသေအချာပါပဲ ... သူ့အတွက် ရယ်စရာဟာသ ဖြစ်နေသည့်တိုင်အောင် .. အကောင်းဆုံး ပေးစွမ်းနိုင်ခဲ့ရင်တော့  အကျိုးရှိဆဲပါ .. အမြတ်မရသည့်တိုင် အရှုံးတော့ မရှိစေရပါဘူး .. အရင်းပဲ ရရင်ရ .. မြတ်ရင်မြတ် .. ဘယ်တော့မှ မရှုံးပါဘူး (အကောင်းဆုံး .. တတ်စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်ခဲ့ရင်ပေါ့) ကျွန်တော် ဒီလိုမျိုး အတွေးအခေါ်စာစုတွေ မရေးဖြစ်တာ တော်တော်ကြာပါပြီ .. တစ်နှစ်လောက်တောင် ကြာခဲ့ပါပြီ .. အချိန်မပေးနိုင်တဲ့အတွက် page မှာ ဘာမှ မတင်ဖြစ်ခဲ့တာပါ.. နောက်ရက်တွေလည်း မအားတဲ့အတွက် Online တက်ဖို့ဆိုတာ မသေချာပါဘူး .. Page မှာလည်း အများကြီးတင်ချင်ပါသေးတယ် ..  လွန်ခဲ့တဲ့ ၂ နှစ် .. ၃ နှစ်လောက်က ရင်းနှီးခဲ့တဲ့သူတွေနဲ့ အချိန် အကြာကြီးကင်းကွာနေခဲ့ရာကနေ ပြန်ပြီး အဆက်အသွယ်ရကာမှ ...  တစ်ယောက် က ပို့ပေးလိုက်လို့ ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ် ..  စာဖတ်သူများ ဒီစာလေးကို မြင်ဖူးရင်လည်း မြင်ဖူးမှာပါ ....

No comments:

Post a Comment