Friday, February 6, 2015

ဗေဒင်ကြည့်မယ် အိမ်ထောင်ရေး စီးပွါးရေး စသဖြင့် ကြည့်ကြမယ်

Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဗေဒင်ကြည့်မယ် အိမ်ထောင်ရေး စီးပွါးရေး စသဖြင့် ကြည့်ကြမယ်
ကဲဗျာ ဗေဒင်ကြည့်တာ ၀ါသနာပါတဲ့သူများအတွက်ပေါ့ဗျာ..။ ကွန်ပျူတာအတွက်ပါနော်.။ ဒီဗေဒင်ဆော့ဝဲက တော့ ကိုယ်ကစီးပွါးရေးမှာ အောင်မြင်မှုရှိမလား အိမ်ထောင်ရေးကောင်းမလား စသဖြင့် ကိုယ်မေးချင်တာ ကို အာရုံပြုပြီးတော့ကာ ရွေးချယ်ရတဲ့ ဗေဒင်အမျိုးအစားပါ..။ ကိုယ့်စိတ်ထဲမှာရှိတဲ့ မေးချင်တဲ့အရာကို အာရုံ လေး စိုက်ပြီးတော့ မေးတာကတော့ ပိုကောင်းပါတယ်..။ ဒါမှဗေဒင်ကလည်း မှန်မှာပါ. အပျော်သဘောလုပ် ရင်တော့ အပျော်ဘဲဖြစ်မှာပါ..။ဘယ်အရာမဆို စိတ်ကအဓိကပါ စိတ်ကမပါဘဲနဲ့ တစ်နည်းအားဖြင့် စိတ်အား ထက်သန်မှု မရှိဘဲနဲ့ ဘယ်အလုပ်မှ အောင်မြင်မှုမရနိုင်ပါဘူး.။ ဒါကြောင့် ဒီဗေဒင်မေးတဲ့အခါမှာလည်းဘဲ စိတ်ထဲက အာရုံလေးစူးစိုက်ပြီးတော့ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်ဗျာ..။ လောကမှာ မြေရှိုးမိုးပျံ နိုင်တာကလည်း စိတ်ပါဘဲ..။ ခုကျုပ်တို့ သုံးနေတဲ့ ကွန်ပျူတာတို့ ဖုန်းတို့ ဆိုတာကလည်း စိတ်နဲ့ကြံစည် ဆုံးဖြတ်ပြီးတော့ သေချာစွာ စမ်းသပ်ပြီး ပြုလုပ်ခဲ့ကြတာဟာလည်း စိတ်ကရှေ့သွားခေါင်းဆောင်ပါဘဲဗျာ..။ ကုသိုလ်ပြုချင်တာလည်း စိတ်ဘဲ အကုသိုလ်အမှု ပြုလုပ်ချင်တာ ပြောချင်တာတွေကလည်း စိတ်ပါဘဲ..။စိတ်ကလေးတည်ငြိမ်မှ သာလျှင် အရာရာကောင်းမယ်ပေါ့..။ အကုသိုလ်မှာလည်း စိတ်တည်ငြိမ်မှု ရှိတယ်ဗျ ဘာလည်းဆိုတော့ ငါးမြှားချနေတဲ့ သူတစ်ယောက် လင့်ပေါ်ကနေထိုင်စောင့်နေတဲ့သူ ဆနိုက်ဘာနဲ့ ချောင်း နေတဲ့သူတွေဟာ စိတ်ငြိမ်နေတာဘဲ မဟုတ်လား.။ ဒီနေရာမှာတော့ ဗေဒင်ဆိုတော့ ကိုယ်ဖြစ်ချင်တာကို အာရုံပြုရမှာပေါ့ဗျာ..။ ကျုပ်အနေနဲ့ ဗေဒင်အကြောင်းမှနေပြီး အခြားအကြောင်းအရာလေးတွေကို ရောက် သွားတယ်။ ဒါကတော့ ကျုပ်ရဲ့စတိုင်လို့ပြောမလား..။ စာလေးရေးတော့လည်း သူများလည်း ဖတ်ချင်အောင် သဘောပေါက်အောင် ရေးရတာကိုဗျ..။ စိတ်ဟာ အတော်အရေးပါတယ်နော် ဗေဒင်ကြည့်ပြီး အောင်မြင်မယ် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဟောပေ မယ့် ကိုယ်ကဘာမှမလုပ်ရင် ဘာမှ မဖြစ်ပါဘူး..။ အဲဒီတော့ကာ အောင်မြင်မယ်လို့ သိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဥာဏ်လေးနဲ့ယှဉ်ပြီးတော့ စဉ်စားတွေးခေါ်ကာ ၀ီရိယ အားထုတ်မှုလေးနဲ့ စတင်လိုက်ပါ..။ အောင်မြင်မှုတွေဟာ သင့်ရဲ့လက်တစ်ကမ်းမှာ ရှိတယ်ဆိုတာ ယုံလိုက်ပါ..။ အောင်ကိုအောင်မြင်ရမယ်ဆို ပြီးတော့ လှုပ်ရှားလိုက်စမ်းပါ..။ ဒို့မြန်မာလူမျိုးတွေက ကံကိုပုံချ ဟိုဟာရိုးမယ်ချ ဒီဟာရိုးမယ်ချနဲ့ အောင်မြင် မှုတွေ နဲနေတယ်..ငါကအစပေါ့ဗျာ..။ တစ်ကယ်ဖြစ်သင့်တာတွေကို တစ်ကယ်လုပ်.. အဟုတ်ဖြစ်မှာပါ..။ ကဲဗျာ ပျင်းနေရော့မယ်ထင်ပါရဲ့ စမ်းသပ်ရေးကြည့်နေတာပါ..။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းဆုံးပြီး ဗေဒင် ကြည့်ကြပေတော့ ။ ကံ ဥဏ် ၀ိရိယ သုံးပါး ပေါင်းပြီးတော့ အလုပ်တွေ လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် ..ဆော့ဝဲလေး တင်ပေးလိုက်တယ်... အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့ကြပါစေဗျာ
ဒီမှာဒေါင်းပါ

No comments:

Post a Comment